အလှ

အလှကို ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ ကလေးကင်ပွန်းတပ်ပွဲတွင် တွေ့ရပါသည်။
ကျွန်တော့်ရည်းစား ပျောက်လို့ရှာ...။
တွေ့ရင် ပြောကြပါ။
သူ့မျက်နှာက ခင်မင်စရာ၊
မှတ်မိတာလဲ သေအချာ။
နှာခေါင်းအောက်မှာလည်း မြင်နိုင်တာ၊
ပါးစပ်မှာလည်း သွားနဲ့ပါ။
ငွေတစ်ထောင် ပေးပါ့မယ်ဗျာ။
တွေ့ကြရင် လမ်းညွှန်ပါ။FB_IMG_1528876523480.jpg
အထက်ပါသီချင်းများနှင့် ကျွန်တော် အလှကို စတင်တွေ့မြင်ရပါသည်။
ဂျပန်ခေတ်ကဖြစ်ပါသည်။ ဝမ်းချောင်း အရပ်တီးပိုင်းတစ်ခုနှင့် ကပ်ပွန်းတပ်ပွဲကို ဧည့်ခံရာ ဖော်ပြပါသီချင်းတစ်ပုဒ်ကို ကြားရပါသည်။
ထိုသီချင်းမှာ ဟာသ ရသနှင့်ပြည့်စုံပါပေသည်။ ကျွန်တော်မှတ်မိသလောက် တေးသွားမှာ အထက်ပါဖြစ်သော်လည်း တစ်ပုဒ်လုံးခြုံလိုက်ပါ
သူ့ရည်းစားမှာ မျက်လုံးနှစ်လုံးပါသည်၊ နားရွက်နှစ်ခုပါသည်။ နှာခေါင်းနှစ်ပေါက်ပါသည် စသည့်ပြက်လုံးများဖြင့် ကြားရသူတို့ကို
ရွှင်ပြုံးရယ်မောစေပါသည်။ “မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်း သွားနဲ့ပါ"ထားအချဉ် အလှနှင့်ကျွန်တော် မျက်စိချင်းတွေ့ကြရာ
အပြုံးချင်းလည်း ဆုံမိသည်။ အထူးသဖြင့် သူ့သွား ပုလဲလုံးလေးတွေက လှလွန်းပါသည်။ "အသားဖြူ မြင်းတစ်ပြေး၊ အသားညို
ကွမ်းတစ်ထူး”ဟု ဆိုရာ ထိုဧည့်ခံပွဲမှာ အလှနှင့် ကျွန်တော်သည် ကြမ်းတစ်ပြေးမှာ ပန်းတစ်ပါးမျှသာ လှမ်းဝေးသဖြင့် ဖြူစင်ဝင်းဝါသော
သူ့အသားမှာ မြကြာစိမ်းစိမ်း မွေးနုရှိန်းပင် မြင်နေရပါသည်။ခါး၊ တင်၊ ရင် အတိုင်းအတာနှင့် မယ်ဘွဲ့ဝင်တို့နှင့်ယှဉ်သော် ကိုယ်လုံးကိုယ်ထည် အချိုးအစားချင်းတူညီရန် ခဲယဉ်းသော်လည်း
အလှ၏အသားရောင်(ဆိုပါတော့ဗျာ) အရေပြားအလှကိုမီဖို့ကား ရှားအံ့ထင်ပါ၏။ ထိုအသားအရောင်ပိုင်ရှင်မျိုးသည် နှုတ်ခမ်းနီ၊ ပါးနီ
မင်ရည်ဆေးတောင့် စသော 'မိတ်ကပ်'တွေ ကူညီရန်မလို၊ စိမ်းမှောင်သော မျက်ခုံးအောက်တွင် မည်းနက်သောမျက်လုံး၊ ဝါဝင်းသောပါးပြင်၊FB_IMG_1528876526703.jpg
နီထွေးသောနှုတ်ခမ်းအသွင်တို့မှာ မပြုမပြင်ဘဲ နဂိုယဉ်ပြီး၊ လှပြီး၊ ချောပြီး ဖြစ်နေပါ၏။
ရေကြည်သောက်ရင် မြင်ရမလောက်ပင် x x အသားတော် ဝင်းလို့ ဝါဝါရီလျှင် ဆိုသည့် သီချင်းစကားလုံးများမှာ
နန်းတော်ရှေ့ဆရာတင်သည် ကျွန်တော့် `အလှ'ကဲ့သို့ အမျိုးသမီးကို မြင်ဖူး၍သာ ဖွဲ့ဆိုနိုင်ခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
အလှနှင့်ကျွန်တော်သည် တွေ့ကြသောအချိန်မှာ ကျွန်တော့်အသက်သည် ၂၂ နှစ်၊ ပျိုမျစ်နုနယ် ငယ်ရွယ်တုန်းပါ။ အလှအသက်က ၂၀
နှစ်မျှသာ ဖြစ်ပါသည်။
အလှ၏အမည်ကို အလှဟူ၍ မည်သူကမျှမပြောပါဘဲနှင် အလှကို မြင်သူတိုင်းက အလှဟု ခေါ်ကြမည်ဖြစ်သည်မှာ ဤမိန်းကလေး၏
ဝမ်းတွင်းပါနာမည်ဟု ဆိုရပါမည်။
ကျွန်တော်သည် ဆရာမဒေါ်ရွှေကြည်၏ကလေး ကင်ပွန်းတပ်ည့်ခံပွဲ၌ အလှကို မြင်ပြီးကတည်းက သူ့အမည်ကို မည်သူ့အားမျှ
မမေးတော့ဘဲ အလှ ဟုပဲ စိတ်ထဲက ရည်မှတ်ခဲ့ရာ အကယ်ပင် သူ့နာမည် လှ ဟုဖြစ်နေကြောင်း သီတင်းတစ်ပတ်မျှအကြာတွင်
သိရပါတော့သည်။
ထိုနေ့က ဆရာမဒေါ်ရွှေကြည်သည် ရန်ကုန်သွားရန် စမ်းချောင်း မြင်းလှည်းဂိတ်မှ ကျွန်တော့်မြင်းလှည်းပေါ်တက်စီးရင်း၊
"ဟေ... မောင်ကြင်ဆွေ၊ မင်း ဟိုနေ့က အလှ နောက်ကလိုက်ပြီး သီချင်းဆိုတယ်ဆို”
ကျွန်တော်သည် အလိုလို စိတ်ထဲကသိပြီးဖြစ်နေလျက်၊ သို့သော် ပိုမိုသေချာအောင်...
"အလှ ဆိုတာ ဘယ်သူလဲ ဆရာမ.….”

Photo

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
1 Comment