တချို့တွေဟာ …
မိဘဆွေမျိုးများက ချစ်၍ အလိုလိုက်ခြင်းကို ခံရသည် ။
မိဘဆွေမျိုးများမှတဆင့် ပတ်သက်ရာ အပေါင်းအသင်းနဲ့ ပတ်ဝန်အနီးအနားကလည်း သူ့ အိမ်က အလိုလိုက်ထားတော့ တို့ လဲ အလိုလိုက်ပေါင်းရမှာပေါ့ ဆိုပြီး အလိုက်လိုက်ခြင်းကို ခံရသည် ။
ငယ်စဉ် လူမမယ်ကလေးအရွယ်တုန်းက စိတ်ကြီးပြတာမျိုးကြောင့်တမျိုး အလိုလိုက်ခြင်းကို ခံရသည် ။
ကျန်းမာရေးကြောင့်လည်း အလိုလိုက်ခြင်းကို ခံရသည် ။
ထိုသူတချို့သည် မိဘဆွေမျိုးများနဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းများက ချစ်၍ရော အကြောင်းအမျိုးမျိုးကြောင့်ရော အလိုလိုက်ခြင်းခံရမှုကို အလေးထားသင့်သည် ။
အလေးမထားဘဲနေခဲ့သည်ရှိသော် ပျက်ရယ်မပြုသင့်ပါ ။ အခွင့်ကောင်း မယူသင့်ပါ ။
ကိုယ့်ကို ချစ်နေတာဘဲ
ကိုယ်ဘာလုပ်လုပ် အလိုလိုက်နေတာဘဲ
ကိုယ်ဘာပြောပြော ဘာပူစာလို့ ဖြစ်ဖြစ် ရနေတာဘဲ ဆိုတဲ့ အသိစိတ်နဲ့ ချစ်ခင်နေသူများကို မပြုသင့်တာ မပြောသင့်တာတွေကို မရှောင်တော့ဘဲ မဆင်မခြင် မပြောသင့်ပါ ။
သူတပါးက ကိုယ့်ကိုပြောလာတော့ အသားဆတ်ဆတ်တုန်အောင်နာပြီး စိတ်ကြီးတတ်လျှင် ကိုယ်ကလဲ အခြားသူတပါးအပေါ်မှာ မပြုမိအောင် ဆင်ခြင်တတ်ပါ ။
လူဟူ၍ ဖြစ်တည်လာခဲ့သူချင်းအတူတူ ကိုယ်ကျခံစားတတ်ပြီး တခြားသူအပေါ်ကျ မခံစားတတ်သူများလို့ မထင်စေချင်ပါ ။ အခြားသူတွေမှာလည်း ခံစားတတ်ကြတာ သိစေချင်ပါတယ် ။
အခွင့်အရေးဆိုတာ ရတုန်းယူရတာ မှန်ပေမယ့်
အခွင့်ရေးယူတိုင်းလည်း မကောင်းဘူးဆိုတာ သတိထားသင့်ပါတယ် ။ အခွင့်အခါကောင်းကို စောင့်ပြီးမှသာ အခွင့်ရေးယူသင့်တာ ပိုကောင်းမယ်လို့  ထင်ပါတယ် ။
all photos credit # google search
MSC 027