လွန်ခဲ့သော သုံးနှစ်ကျော်က(၂၀၁၄).......
မမျှော်လင့်ဘဲ သူမရဲ့ဓာတ်ပုံလေးကို FACEBOOK မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာ တွေ့လိုက်မိတယ်။ တဆက်ထဲတွေ့လိုက်ရတာက သူမရဲ့ အကောင့်ကိုပါ Tag တွဲတင်ထားတာကိုကောပေါ့။ ဒါနဲ့ သူမရဲ့ wall ထဲ ဝင်ပြီးကြည့်ကာ Add Fri လုပ်လိုက်တယ်။
ဒီနောက်ပိုင်း မကြာမကြာ သူမရဲ့ Facebook Account ထဲ ဝင်ဝင်ကြည့်မိပေမယ့် ဘယ်အချိန်ပဲ ဝင်ကြည့် ဝင်ကြည့် confirm ဖြစ်မလာခဲ့ဘူး။ အချိန် အတော်ကြာတော့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တယ်။ အချိန်တွေကုန်လွန်လာခဲ့တာ ရက်တွေ လပြောင်း၊ လတွေ နှစ်ပြောင်းနဲ့ ကုန်လွန်လာခဲ့တယ်။
ဒီလိုနဲ့ 2015 တောင် ရောက်ခဲ့ပြီ......
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့တာ နှစ်လယ်ပိုင်းသို့ ရောက်ခဲ့ပြီ။ ထိုစဉ်က မြန်မာတစ်နိုင်လုံးမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရချိန်လည်း ဖြစ်သည်။ ကျွန်တော်နေထိုင်ရာ မုံရွာမြို့လေးလည်း ချင်းတွင်းမြစ်၏ အရှိန်အဟုန်ဖြင့် မြင့်တက်လာမှု့ကို ကြံကြံခံနေခဲ့ရသည်။
ကျွန်တော်တို့သူငယ်ချင်းတစ်စုဖွဲ့စည်းထားသော We are citizen အဖွဲ့မှ ရေဘေးဖြစ်ပေါ်လာပါ ဆောင်ရန် ရှောင်ရန်များကို မုံရွာ၊ ချစ်တွင်းမြစ်ဘေးတစ်လျှောက် စာရွက်များ ရိုက်နှိပ်၍ လိုက်လံ ဝေငှပြီး အသိပညာပေးခဲ့ကြသည်။ ထို့အပြင် တာရိုးဘေး၌ သဲအိတ်ဖို့ခြင်း ရေကင်းစောင့်ခြင်းများ ကိုကူညီလုပ်ဆောင်ခဲ့ကြတယ်။ မကြာပါဘူး မုံရွာပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ချင်းတွင်းမြစ်ရေ၏ လွှမ်းမိုးမှု့ကို ခံခဲ့ကြရပြီ ထိုကျေးရွာများအတွင်းသို့ ရေများဝင်ရောက်သွားမှုကြောင့် မုံရွာမြို့လည်း ရေဘေးစိုးရိမ်ရသော အခြေအနေမှ လွတ်မြောက်သွားခဲ့သည်။
ရေဘေးစိုးရိမ်နေရမှုမှ လွတ်မြောက်လျှင် လွတ်မြောက်ခြင်း ပတ်ဝန်းကျင်ရှိ ရေဝင်သွားသော ကျေးရွာများသို့ ကူညီ ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်လာခဲ့ကြသည်။
ထို့သို့ ကိစ္စများဖြစ်နေဆဲ တစ်ရက်မှာ ကျွန်တော့်၏ Facebook အကောင့်ထဲတွင် တစ်စုံတစ်ယောက်က Fri လက်ခံလိုက်သည်ဆိုသော စာလေးပေါ်လာခဲ့သည်။ အလုပ်များနေသည့်အချိန်ဖြစ်တော့ မသိလိုက် မသိဖာသာဖြစ်နေခဲ့တာပေါ့။
တစ်ပတ်လောက်အကြာမှာတော့ သူမက နောက်ထပ်အကောင့်တစ်ခုနဲ့ ကျွန်တော့်ကို လာအပ်ချိန်မှာတော့.......
အဆိုပါအကောင့်မှ သူမရဲ့ပုံလေးကို မြင်ပြီး ကျွန်တော်ရဲ့ ရင်ခုန်သံတွေ မြန်ဆန်လာခဲ့တယ်။ ဒါနဲ့ လိုက်ပြီး စုံစမ်းကြည့်တော့ ရေဘေးကယ်ဆယ်ရေးအတွက် အတူတူလုပ်ကိုင်ပေးနေတဲ့ အစ်ကိုတစ်ယောက်ရဲ့ တပည့်မလေးဖြစ်နေခဲ့တယ်။ ပြီးတော့ လက်ရှိမှာ မုံရွာစီးပွားရေးတက္ကသိုလ်မှာ MBA တက်ရောက်နေတယ်ဆိုလည်း သိလိုက်ရတယ်။ သူမအနားကို ရောက်ဖို့ ဘယ်လိုလုပ်မရလဲ နည်းလမ်းရှာနေတယ်။ ဘယ်လိုမှ အဆင်မပြေခဲ့ဘူးလေ။
ဒါပေမယ့် စကားလေးတစ်ခုအတိုင်းပဲ။ ကံနဲ့လူမပူနဲ့တဲ့။ အခွင့်အရေးက သူ့အလိုလိုရောက်လာခဲ့တယ်။ MBA မှ ကျောင်းသား ကျောင်းသူများက စုပေါင်းပြီး ရေဘေးအတွက် အလှူတစ်ခုလုပ်ချင်လို့ ဘယ်ကစလုပ်ရမှန်းမသိလို့ တိုင်ပင်ချင်လို့ပါဆိုပြီ အစ်ကိုဝမ်းကွဲတစ်ယောက်မှ ဖုန်းဆက်လာခဲ့သည်။ ဝမ်းသာအားရ ကူညီပေးပါမယ်ပြောပြီး နောက်ရက်မှာ သူတို့နဲ့ ဆုံဖို့ချိန်းထားတဲ့နေရာသို့ ထွက်လာခဲ့တယ်။
ဆက်ပါဦးမည်.......
Some Photo From Google....
Writer @wailinn
MSC 144