သူမကတော့ မြို့ကြီးသူ။ရန်ကုန်သူလေးပေါ့။ကျွန်တော်ကတော့ ရိုးရိုးအအ...နယ်ကတက်လာတဲ့...မောင်တောသားလေးပေါ့။သူမနဲ့.ကျွန်တော်တို့ရဲ့..တွေ့ဆုံမှု့က...အံ့မခန်း။
အဲ့ဒီနေ့က....သူမက...စက်ဘီးလေး..စီးလာတယ်။.ကျွန်တော်ကလဲ....လမ်းလျှောက်ရင်း....သူမရဲ့......အလှကို...ခံစားမိသွားတယ်။ သူမရဲ့အလှ....မြို့သူဆိုတော့...အသားက..ခပ်ဖွေးဖွေး၊ဆံပင်ဆံသားကလဲ..သပ်သပ်ရပ်ရပ်..စရစ်ထုံးလို့...အင်္ကျီလက်ရှည်လေးနဲ့ပေါ့။ပိုပြီးလိုက်ဖက်လှတဲ့...ဘောင်းဘီရှည်ကလဲ..ဝတ်ထားတော့..သူမရဲ့အလှ...ထူးခြားလှနေတော့တယ်။
ကျွန်တော့်အနား...စက်ဘီးလေးနဲ့.ဖြတ်နင်းသွားတော့...သင်းပြန့်နေတဲ့..သူမရဲ့..ရေမွှေးရနံ့ကလဲ..ခပ်လှိုင်လှိုင်။သူမကတော့...မသိရှာဘူး၊ကျွန်တော့်ရဲ့..အကြည့်တွေက....သူမရဲ့ရှေ့အောက်..ရောက်နေတယ်ဆိုတာကိုလေ။
သင်းပျံ့  နေတဲ့.သူမရဲ့..ရေမွှေးရနံ့ရယ်...လှပတဲ့.သူမရဲ့အလှရယ်....ခံစားမိနေစဉ်အတောအတွင်း...သူမကတော့...ကျွန်တော့်မျက်စိအောက်ကနေ....ပျောက်ကွယ်သွားတယ်။
ဘယ်သူဘယ်ဝါမှန်း....မသိပေမယ့်....သူမကတော့ ကျွန်တော့်ရဲ့....နှလုံးသားကို..နှိုးဆွလိုက်တယ်။ငေးမှိုင်လက်ချဖြစ်နေတဲ့ ကျွန်တော်ကတော့ အာ့နေရာမှာပဲ ကျန်နေခဲ့တယ်။
ဒီလိုနဲ့. သူလာနေကျလမ်းလေးကို အမြဲစောင့်နေမိခဲ့တယ်။ဘယ်တော့မှမလာတော့ဘူးလားလို့လဲ ကိုယ့်ကိုယ်ကို ငြီးစူနေမိတယ်။နေ့တိုင်းလိုလို.....တွေ့နှိုး...တွေ့နှိုးနဲ့...မျှော်နေခဲ့ရ.ရက်တွေကလဲကြာ။
တနေ့မှာတော့ မျှော်လင့်ချက်မရှိတော့ဘူးလားလို့ တွေးမိတဲ့ကျွန်တော် သူမလာနေကျ လမ်း..တချက်ကြည့်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမက. ကျွန်တော့်အရှေ့မှာပင် ဖြစ်နေတယ်။
ချက်ချင်းဆိုသလို "အကို ညီမ စက်ဘီးလေး ချိန်းကြိုးလေး ကျသွားလို့ ပြန်တပ်ပေးပါ့လား ၊ကူညီပေးပါ့လားအကို"ဆိုပြီ အားငယ်နေတဲ့ သူမရဲ့ မျက်နာ ယနေ့ထိ မမေ့နိုင်သေးဘူး။
သူမရဲ့ ပြောဆိုစကားသံကြောင့် အူတူတူ အ သသ မောင်တောသားလေး ကျွန်တော် ဆွံ့အ သွားမိတယ်။သူမအသက်က ကျွန်တော်နဲ့ အသက်တူရွယ်တူလို့ အကဲခတ် မိပါတယ်။သူမကတော့ ယဉ်ကျေးစွာနဲ့ အကိုတပ်ခေါ်တဲ့ သူမရဲ့ အပြုအမှု အပြောအဆိုက. ကျွန်တော့ရင်ဘတ်ထဲထိ လာတိုက်နေတယ်။
"အေး ညီမ "ဆိုပြီး သူမရဲ့ အနားလေးကပ်ပြီး သူမရဲ့ စက်ဘီးက ချိန်းကြိုးလေးကို ပြန်တပ်ပေးလိုက်တယ်။
"ကျေးဇူးတင်ပါတယ်နော်အကို"တဲ့ သူမက ပြောပြန်တယ်။ရပါတယ်ညီမရယ် ပြောရင်း သူမနဲ့ကျွန်တော် မိတ်ဆက်ခဲ့မိတယ်။
သူမလဲ စက်ဘီးလေးကို စီးပြီး ထွက်သွားလေတော့တယ်။ကျန်ခဲ့တဲ့ ကျွန်တော့်မှာတော့ ရင်ဘတ်ထဲ ပျော်မှန်းမသိ ပျော်နေခဲ့မိတယ်။
နောက်ရက်တွေလဲ သူမနဲ့ တွေ့ရဖို့အရေး သူမလာနေကျ ၊အချိန် တို့ကို စောင့်ပြီး မျှော်နေမိတယ်။သူမကလဲ တွေ့လို့ အပြန်အလှန် နှုတ်ဆက်ခြင်းကနေ သူမနဲ့ သူငယ်ချင်းဖြစ်သွားတော့တယ်။
အချိန်ကြာလာလေ သူမနဲ့ အရင်းအနှီး ဆုံး သူငယ်ချင်းအဖြစ်ရောက်လာတယ်။ကျွန်တော့် ရင်ဘတ်ထဲမှာတော့ သူမကို အတိတ်တခိုးနဲ့ ချစ်နေရရှာပြီ။သူမကတော့ သိမယ်မထင်ဘူး။
တနေ့ ရင်ဘတ်ထဲက အချစ်တွေက ပေါက်ဖွားလာပြီး သူမကို ဖွင့်ပြောမိတယ်။
ဖွင့်ပြောပြောမိချင်း သူမရဲ့ ပြုံးပြုံးနဲ့ ပျော်နေတဲ့သူမရဲ့ မျက်နာ ငြိုးနွမ်းတယ်။ဒါကို ကျွန်တော် တန်းရိတ်မိသွားတယ်။
"ငါ့မှာ ရည်းစားရှိတယ် သူငယ်ချင်းရာ
နင့်ကို ငါ သူငယ်ချင်းလိုပဲ ခင်ချင်ပါတယ် ။ငါတကယ်စိတ်မကောင်းပါဘူး။ငါတို့ သူငယ်ချင်းလိုပဲ ချစ်ချစ်ခင်ခင်နေကျမယ်လေဟာ"ဆိုပြီး သူမရဲ့ စကားက တုန်ရီရီနဲ့ ထွက်ပေါ်လာတယ်။
သူမတော့တော့ တော်တော်စိတ်မကောင်းဖြစ်မိမှာပေါ့။တကယ်တော့ ကျွန်တော်ဖွင့်ပြောမိတာကိုက. မှားသွားတယ်ဆိုတာ နောင်တ ရမိသွားတယ်။
"အေးပါသူငယ်ချင်းရာ၊ငါပြောမိတဲ့အတွက် sorryပါနော်။"လို့ ကျွန်တော့်ရင်ဘတ်ကနေ စကားလုံးတဖွယ် ထွက်ကျလာတယ်။
အာ့နေ့တော့ သူမနဲ့ ကျွန်တော် နှစ်ယောက်လုံး လက်မှိုင်ငိုင်နေကျမိလေရဲ့။
ဒီလိုနဲ့. သူမရဲ့ သူငယ်ချင်းကောင်းအဖြစ် သူမရဲ့ ဘေးမှာ ရှိနေမယ်ဆိုပြီး သူမထံကတိပြုမိလေတယ်။
သူမကလဲ ထပ်တူညီမျှ သူငယ်ချင်းကောင်းအဖြစ်နဲ့ ရှင်သန်နေပါ့လို့ ပြောလေတယ်။
ရက်စက်လှချည်လားလို့လဲအပြစ်မတင်ရက်ဘူး။ပျော်ပျော်နေတတ်တဲ့သူမ..ကျွန်တော့်ကြောင့်....မျက်နာညှိုးသွားကို စိုးရိမ်တယ်။
သူမကလွဲပြီးအခြားသူတျောက် ချစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ့ဘူး။.သူမက..ကျွန်တော့်ရဲ့..အချစ်တွေ....ထာဝရပေးလိုက်မိတဲ့သူပါ။သူမက ကျွန်တော့်ရဲ့ အချစ်တွေ မယူဆောင်းသွားနိုင်ပေမယ့်
ကျွန်တော့်အချစ်တွေကသူမအတွက်ပဲ ရှိနေမှာပါ။
သူမ...မသိအောင်ပဲ...ရင်ဘတ်ထဲမှာ.အချစ်တွေ..သိမ်းထားမိတယ်။
ကျွန်တော်သိလိုက်မိတာကတော့ သူမက...ကျွန်တော့်ရဲ့ အသည်းနှလုံးကို ဖြုတ်ယူသွားတယ်ဆိုတာပါပဲ။
ခုချိန်ထိတော့ထာဝရ သူငယ်ချင်းတွေပါပဲ။
@zawmyo
MSC-061