အပိုင်း ၁ ဖတ်ရန်
@wailinn/atittho-yapnlnytusayyakhng-tho-mhut-kundefinedneta-wngthum-apong-1-d48507c486329
ဒီလိုနဲ့ သူတို့နဲ့ ချိန်းထားတဲ့ဆီရောက်တော့ ဘယ်သူမှမရောက်သေးတာနဲ့ တစ်ယောက်ထဲ ထိုင်စောင့်နေခဲ့တယ်။ သိပ်မကြာခင်မှာဘဲ MBA အတန်းရဲ့ EC ရောက်လာပြီး သူနဲ့ အလှူကိစ္စအတွက် တိုင်ပင်ပြောဆိုနေတုန်း ဘေးနားမှာ ကောင်မလေးတစ်ယောက် လာထိုင်တာကိုတွေ့လိုက်ရတယ်။ အမှတ်တမဲ့ပါပဲ။ ဘယ်နေရာတွေက လိုအပ်ချက်ဘာတွေရှိတယ်။ ရေဘေးသင့်တဲ့ကျေးရွာတွေကို သွားရောက်လှူဒါန်းနိုင်ဖို့ စိတ်ကပဲ လောနေလို့လားမသိ။ ကျွနိတေယ့်ဘေးနားမှာ သူမ လာထိုင်သွားကို သတိမထားမိခဲ့ဘူး ( နောင်မှ သူမ ပြန်ပြောပြတာပါ) ခဏနေတော့ သူတို့လည်း အတန်းတင်ရမှာမို့ ထပြန်သွားကြပါတယ်။
နှစ်ရက်လောက်ကြာတော့ ကျွန်တော်တို့ရဲ့ We are citizen အဖွဲ့နဲ့အတူ ရေဘေးသင့်ကျေးရွာတွေအတွက် ကူညီထောက်ပံ့ပြီးအပြန် တစ်ဖွဲ့သားလုံး လက်ဖက်ရည်ဆိုင်ထိုင်နေကြစဉ် MBA အဖွဲ့မှာ ကျွန်တော့်သူငယ်ချင်းနဲ့အတူ စုစုပေါင်း ကောင်မလေး ၃ ယောက်ရောက်လာပြီး ရေဘေးသင့် ကျေးရွာတွေအတွက် လိုအပ်သော ဆန်များ လိုက်လံဝေယူပေးဖို့ ပြောလာပါတယ်။ ကျွန်တော်လည်း သူတို့ကို ဆန်ဆိုင်ကို လိုက်ပို့ပြီး လက်ဖက်ရည်ဆိုင်သို့ပြန်လာခဲ့တယ်။
ဒီရက်ပိုင်းမှာ ရေးဘေးသင့်ကျေးရွာတွေ အကူအညီလိုက်ပေးနေရတာနဲ့ပဲ Facebook လည်း သိပ်မသုံးဖြစ်ခဲ့ဘူး။ MBA အဖွဲ့လည်း ကျေးရွာတွေကို သွားရောက်လှူဒါန်းမယ့် ရက်သတ်မှတ်ပြီး အဆိုပါရက်မတိုင်ခင် တစ်ရက်မှာ ကျွန်တော့်ထံဖုန်းဆက်လာပါတယ်။ သူတို့အနေနဲ့ ဆန်တွေကို တစ်အိမ်ထောင် တစ်ထုပ်နှုန်းနဲ့ထုပ်ချင်တာ၊ အဲ့လိုထုပ်ဖို့ နေရာအခက်အခဲဖြစ်နေလို့ ပြောလာပါတယ်။ ကျွန်တော်လည်း ရပ်ကွက်ထဲက ဓမ္မာရုံမှာ လုပ်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲ့ဒါအပြင် သူတို့သွားမယ့်ခရီးက ရေကြောင်းခရီးဖြစ်ပြီး စက်လှေနဲ့သွားရမှာဖြစ်တဲ့အပြင် ရေမကူတတ်သူများဖြစ်ကြသဖြင့် ကျွန်တော်တို့ဆီက အသက်သယ်အင်္ကျီများပေးခဲ့ပြီး ပြန်လာခဲ့ပါတယ်။ သူတို့နဲ့အတူ ကျေးရွာတွေဆီလိုက်ခဲ့ဖို့ ခေါ်ပေမယ့်လည်း ထိုရက်ပိုင်းက နေ့တိုင်းနီးပါး သွားရောက်နေတာဖြစ်လို့ ပင်ပမ်းပြီး အနားယူနိုင်ဖို့ လိုက်မသွားခဲ့မိပါဘူး။
ဒီလိုနဲ့ ရေလည်းကျသွားပြီး အားလုံးအခြေအနေ အေးအေးဆေးဆေးဖြစ်လာချိန်မှာတော့ သူမနားကိုရောက်ဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အဲ့ဒီရက်ပိုင်းမှာ facebook မှာ သူမတင်တဲ့ status လေးတွေကို like လုပ်နေမိတာပေါ့။ သူမဆီ စကားသွားပြောချင်ပေမယ့် ဘယ်ကနေစပြောရမလဲ မသိခဲ့ဘူး။ ဒါပေမယ့် ကံကောင်ချင်တော့ သူမရဲ့ status လေး တစ်ခုကိုတွေ့လိုက်ရတယ်။ ဘာလဲဆိုတော့ စာမေးပွဲနီးပြီဆိုရင် အဖျားလေးတွေရယ် မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတယ် ဆိုပြီးပေါ့။ ဒါနဲ့ ကျွန်တော်လည်း သူမကို chatbox ကနေသွားပြီး နေမကောင်းဖြစ်နေတာလား ဘာညာဆိုပြီး သွားပြောခဲ့တယ်။ အဲ့ဒီကနေစပြီး ညတိုင်းနီးပါး သူမနဲ့ online ကနေ စကားပြောဖြစ်ခဲ့တယ်။ ဒီလိုနဲ့ရင်းနီးလာတော့ သူမကို ညအိပ်ရာဝင်ခါနီးတိုင်း ပုံပြင်လေးတွေ ပြောပြီး သူမကို အိပ်ရာဝင်စေခဲ့တယ်။ တစ်ရက်မှာ သူမကို ပြောပြတဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ပုံပြင်ထဲက အကြောင်းကို fb မှာ အမှတ်မထင်ပြောခဲ့မိတယ်။ အဲ့ဒီအကြောင်းကိုသတိထားမိတယ် fb က အစ်ကိုတစ်ယောက်နဲ့ သူမရဲ့ပန်းချီသင်ပေးတဲ့ဆရာမက လာရောက်မေးမြန်းကြတဲ့အခါမှာ ကျွန်တော်နဲ့သူမ နှစ်ယောက်လုံးက သိချင်ရင် ဆာဗူးသီးဝယ်ကျွေး ပြောပြမယ်ဆိုပြီး အတိုင်အဖောက်ညီခဲ့ကြတယ်။ ဟိုနှစ်ယောက်လည်း ဘယ်လောက်တောင် သိချင်နေလည်းမသိ ဝယ်ကျွေးမယ်လို့ပြောလာပါတယ်။
တစ်ညမှာတော့ သူမအနားကို အနီးကပ်ရောက်မယ့် အခွင့်အရေးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ သူမတို့စာမေးပွဲဖြေနေတဲ့ညပေါ့။ စာကျက်ရင်းဗိုက်ဆာလာတဲ့အကြောင်းလေး status တင်လာတယ်။ ဒါမျိုး လက်လွတ်ခံလို့ဘယ်ဖြစ်မလဲ။ ကျွန်တော်လည်း သူမကို cb ကနေ ဘာလာပို့ပေးရမလဲ မေးတော့ သူမက ရပါတယ် လာမပို့ပါနဲ့တဲ့။ ဒါနဲ့ကျွန်တော်လည်း အခုက လက်ဖက်ရည်ဆိုင်မှာ (တကယ်တော့အိမ်မှာ) လို့ပြောပြီး အားမနာနဲ့ လာပို့ပေးမယ်ပေါ့။ ဒါနဲ့ သူမလည်း အဲ့ဒါဆို မုန့်ဟင်းခါးနဲ့လက်ဖက်ရည်သောက်ချင်ကြောင်းပြောတဲ့အတွက် လက်ဖက်ရည်ဆိုင်ကိုသွားပြီး ဝယ်ယူကာ သူမဆီပို့ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာ ညာတာပါတေးနဲ့ သူမရဲ့ဖုန်းနံပါတ်ကိုတောင်းခဲ့တယ်။သူမအဆောင်ရှေ့ရောက်ရင် ဖုန်းဆက်လိုက်မယ် ဘာညာပေါ့။
ဆက်ပါဦးမည်........
Writer @wailinn
MSC 144